ဂယ် ပေါက်

 သူ့ကိုခင်ရင်

သူ့ကိုမလိမ်နဲ့ပေါ့။
ကိုယ်မသုံးတဲ့ရိုးသားခြင်းက
ကိုယ်သုံးနေကျ လိမ်လည်ခြင်းလောက်
လူလားမြောက်ချင်မှမြောက်မယ်။
မစိုးရိမ်ပါနဲ့။ကိုယ်ပိုင်တဲ့ရေချမ်းစဉ်လေးက
ရက္ခိုက်စောင့်တဲ့ ရေကန်သာထက်တော့
မြတ်ပါသေးတယ်။
ကြောက်ဘူးတာပေါ့။ရိုးသားခြင်းကို ပျိုးထောင်ရင်း
မိုးမှောင်,လင်းတောင် ပိုက်ဆံမရတဲ့အဖြစ်ကိုလေ။
ကြုံဘူးတာပေါ့။လိမ်မှလည်တယ်ထင်တဲ့
လူတစ်ချို့ရဲ့ဘဝမှာ သူငယ်ချင်းကမရှိ၊
ပျော်ရွှင်ခြင်းလည်း နတ္တိ၊ဒုက္ခအတိနဲ့။
သူ့ကိုဖြစ်ဖြစ် ကိုယ့်ကိုဖြစ်ဖြစ်
တကယ်ချစ်ရင် ဒါတွေနဲ့တော့ ကိုယ့်ဘဝကို
မနစ်စေသင့်တော့ပါဘူး။
ဒါကြောင့်...
သူ့ကိုခင်ရင် သူ့ကိုမလိမ်ပါနဲ့လို့။ ။

Credit-ဓာတ်စာ
Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.